၁ ရာချုပ် 23:31 - မြန်မာ့စံမီသမ္မာကျမ်း31 ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။ Ver CapítuloGarrad Bible31 ဥ ပုသ် နေ့၊ လ ဆန်း နေ့၊ ပြု မြဲ ပွဲ နေ့ များ၌ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ဆုံး ဖြတ် ချက် အ ရ မီး ရှို့ ရာ သ က္ကာ များ ကို ရေ တွက် လျက် ပြင် ဆင် ခြင်း၊ Ver CapítuloJudson Bible31 ပညတ်တရားတော်အတိုင်း ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာယဇ်မျိုးတို့ကို ပူဇော်ရကြမည်။ Ver Capítulo |
အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။