၁ ရာချုပ် 23:24 - မြန်မာ့စံမီသမ္မာကျမ်း24 ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။ Ver CapítuloCommon Language Bible24 ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။ Ver CapítuloGarrad Bible24 ဆို ခဲ့ သော သူ တို့ သည် အ သက် နှစ် ဆယ် ကျော်၍ ဗိ မာန် တော် ဝေ ယျာ ဝ စ္စ ကို ဆောင် ရွက် ရ လျက် ဦး ရေ အ လိုက် စာ ရင်း ဝင် သူ တို့၏ အိမ် ထောင် များ တွင် အ အုပ် အ ချုပ်၊ လေ ဝိ အ နွယ် သား များ ဖြစ် ကြ၏။ Ver CapítuloJudson Bible24 ဤရွေ့ကား အသက်နှစ်ဆယ်လွန်၍ ထာဝရဘုရား၏ အိမ်တော်အမှုကိုဆောင်ရွက်ရသော လေဝိအမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေအမျိုးသူကြီးဖြစ်သတည်း။ Ver Capítulo |
သူတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်သို့ရောက်လာပြီး ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒက်သား ယေရွှာမှစ၍ ကျန်ရှိသော သူတို့၏ညီအစ်ကိုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးများ၊ သုံ့ပန်းအဖြစ်ပါသွား၍ ဂျေရုဆလင်မြို့သို့ပြန်လာသောသူများအားလုံးတို့သည် အိမ်တော်ကို စတင်တည်ဆောက်ကြ၏။ အသက်နှစ်ဆယ်အရွယ်နှင့်အထက်လေဝိအမျိုးတို့ကို အိမ်တော်တည်ဆောက်ရာတွင် ကြီးကြပ်သူများအဖြစ် ခန့်ထားကြ၏။