၁ ရာချုပ် 22:11 - မြန်မာ့စံမီသမ္မာကျမ်း11 သို့ဖြစ်၍ ငါ့သား၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ သင်သည် အောင်မြင်သောသူ ဖြစ်ပါစေသော။ သင့်အား မိန့်တော်မူသည့်အတိုင်း ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို သင်တည်ဆောက်နိုင်ပါစေသော။ Ver CapítuloCommon Language Bible11 ထိုနောက်ဒါဝိဒ်သည်ဆက်၍``ငါ့သား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည်သင်နှင့် အတူရှိပါစေသော။ ကတိတော်ရှိသည့် အတိုင်းသင်သည်ကိုယ်တော်အဖို့ဗိမာန် တော်ကိုအောင်မြင်စွာတည်ဆောက်နိုင်ပါ စေသော။- Ver CapítuloGarrad Bible11 သို့ ဖြစ်၍ ငါ့ သား၊ ဗျာ ဒိတ် ထား တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ လျက် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို တည် ဆောက် မည့် အ ကြံ ထ မြောက် ပါ စေ သော။ Ver CapítuloJudson Bible11 သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။ Ver Capítulo |
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။