၁ ရာချုပ် 21:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား ဒါဝိဒ်မင်းကြီးထံသွားလော့။ ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပါဟု သူ့အား ဆင့်ဆိုလော့။ Ver CapítuloCommon Language Bible18 ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား``သင်သည်ဒါဝိဒ်ထံသို့သွား၍သူ့ အားယေဗုသိအမျိုးသားအရောနကောက် တလင်းတွင် ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ရန်ပြောကြားလော့'' ဟုဆို၏။- Ver CapítuloGarrad Bible18 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ ယေ ဗု သိ လူ မျိုး သြ ရ နန်၏ ကောက် နယ် တ လင်း ၌ ထာ ဝ ရ ဘု ရား အဖို့ ပူ ဇော် ရာ ပ လ္လင် ကို ဒါ ဝိဒ် တက် သွား၍ တည် ရ မည့် အ ကြောင်း ဆင့် ဆို ရန် ဂဒ် အား မိန့် တော် မူ ရာ၊ Ver CapítuloJudson Bible18 ထိုအခါ ဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်စေခြင်းငှာ ပြောရမည်အကြောင်း၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊ Ver Capítulo |
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။