၁ ရာချုပ် 21:12 - မြန်မာ့စံမီသမ္မာကျမ်း12 ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။ Ver CapítuloCommon Language Bible12 ``အရှင်မင်းကြီး၊ သုံးနှစ်ပတ်လုံးအစာ ငတ်မွတ်ခေါင်းပါးသည့်ဘေး၊ သုံးလပတ် လုံးသင့်ကိုရန်သူလိုက်မီ၍ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံးကပ် ရောဂါတည်းဟူသောထာဝရဘုရား ၏ဋ္ဌားဖြင့် ကောင်းကင်တမန်ကိုစေလွှတ် ကာ ဣသရေလနိုင်ငံတစ်လျှောက်လုံး တွင်သတ်ဖြတ်မည့်ဘေးတို့အနက် အဘယ်ကိုရွေးချယ်တော်မူပါမည်နည်း။ ထာဝရဘုရားအားအကျွန်ုပ်ပြန်ကြား လျှောက်ထားရပါမည်'' ဟုလျှောက်လေ၏။ Ver CapítuloGarrad Bible12 သုံး နှစ် ပတ် လုံး အ စာ ခေါင်း ပါး ခြင်း ကပ် တစ် ပါး၊ သုံး လ ပတ် လုံး ရန် သူ တို့ ရှေ့ ဓား ဘေး သင့်၍ ပျက် ပြုန်း ခြင်း ကပ် တစ် ပါး၊ သုံး ရက် ပတ် လုံး ဣ သ ရေ လ ပြည် လုံး နှံ့ ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ဖျက် ဆီး ၍ ပြည် တော်၌ ကပ် ရော ဂါ တည်း ဟူ သော ထာ ဝ ရ ဘုရား ၏ ဓား တော် ဘေး ထိ ခြင်း ကပ် တစ် ပါး၊ ဤ သုံး ပါး အ နက် ရွေး ချယ် လော့။ စေ လွှတ် တော် မူ သော အ ရှင့် ထံ ငါ ပြန် လျှောက် ခွင့် ရ ရန် ယ ခု ပင် ဆင် ခြင် လော့ ဟု ပြော ဆို လျှင်၊ Ver CapítuloJudson Bible12 သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသောဘေး၊ သုံးလပတ်လုံး သင့်ကိုရန်သူလိုက်မီ၍ ဓားဖြင့်လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော်၌ ကာလနာတည်းဟူသော ထာဝရဘုရား၏ဓားတော်ကို၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ကိုင်၍ ဣသရေလပြည် တစ်လျှောက်လုံးကို ဖျက်ဆီးသောဘေးတို့တွင် တစ်ပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။ Ver Capítulo |
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။