၁ ရာချုပ် 21:10 - မြန်မာ့စံမီသမ္မာကျမ်း10 “သင်သည် ဒါဝိဒ်မင်းကြီးထံသို့သွားပြီး ‘သင့်အား ရွေးချယ်စရာသုံးခုကို ပေးထားပြီ။ ထိုသုံးခုထဲမှ တစ်ခုကို ရွေးလော့။ သင်ရွေးသည့်အချက်အတိုင်း သင့်ကို ပြုမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။ Ver CapítuloCommon Language Bible10 သင်သည်ဒါဝိဒ်ထံသို့သွားလော့။ ငါပြုရန် ရှိသည့်အမှုသုံးခုအနက် သူသည်မိမိ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင် ကြောင်းပြောကြားလော့။ သူရွေးချယ်ရာ ကိုငါပြုမည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible10 သင့် အ ပေါ် တွင် ငါ မိုး ထား သော ဘေး သုံး မျိုး အ နက် တစ် မျိုး ကို ငါ စီ ရင် ရန်၊ ရွေး ချယ် လော့ ဟူ သော ငါ ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ဆင့် ဆို ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ Ver CapítuloJudson Bible10 ဒါဝိဒ်ထံသို့ သွားလော့။ အရာသုံးပါးကို သင့်အားငါပြ၏။ သင်၌ ငါပြုစရာဖို့ တစ်ပါးပါးကိုရွေးလော့ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊ Ver Capítulo |
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။