၁ ရာချုပ် 20:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထို့နောက်တွင် ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ယာဣရ၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုးဂေါလျတ်၏ညီ လာခမိကို သတ်လိုက်၏။ Ver CapítuloCommon Language Bible5 ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။ Ver CapítuloGarrad Bible5 တစ် ဖန် ဖိ လိ တ္တိ လူ မျိုး ကို စစ် တိုက် ကြ ပြန် သော် ယာ ဣ ရ သား ဧ လ ဟာ နန် သည် ရက် ကန်း လက် လိပ် နှင့် အ မျှ လှံ ရိုး ကို ကိုင် သော ဂါ သ မြို့ သား ဂေါ လျတ်၏ ညီ၊ လာ ခ မိ ကို သတ် လေ ၏။ Ver CapítuloJudson Bible5 နောက်တစ်ဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။ Ver Capítulo |
ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။