၁ ရာချုပ် 2:17 - မြန်မာ့စံမီသမ္မာကျမ်း17 အဘိဂဲလသည် အာမသကို မွေးဖွား၏။ အာမသ၏ဖခင်မှာ ဣရှမေလလူမျိုး ယေသာ ဖြစ်၏။ Ver CapítuloCommon Language Bible17 သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။ Ver CapítuloGarrad Bible17 အ ဘိ ဂဲ လ သား ကား အာ မ သ။ အာ မ သ အ ဘ မှာ ဣ ရှ မေ လ အ မျိုး ယေ သာ တည်း။ Ver CapítuloJudson Bible17 အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုး ယေသာတည်း။ Ver Capítulo |
ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။