Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ​ချုပ် 19:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ပြန်​၍ ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး​တို့​၏​စစ်ရထားမှူး​အယောက်​ခုနစ်ထောင်​၊ ခြေလျင်တပ်သား​အယောက်​လေးသောင်း​တို့​ကို သုတ်သင်​ပစ်​လေ​၏​။ စစ်သူကြီး​ရှောဗက်​ကို​လည်း အသေသတ်​လိုက်​လေ​၏​။

Ver Capítulo Copiar

Common Language Bible

18 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။-

Ver Capítulo Copiar

Garrad Bible

18 ဒါ ဝိဒ် မင်း သည် ရှု ရိ ရ ထား စီး သူ ရဲ ခု နစ် ထောင်၊ ခြေ သည် သူ ရဲ လေး သောင်း တို့ ကို လုပ် ကြံ သည့် ပြင် ဗိုလ် ချုပ် ရှော ပက် ကို လည်း ကွပ် မျက် လေ ၏။

Ver Capítulo Copiar

Judson Bible

18 ဣ​သ​ရေ​လ အ​မျိုး​သား​ရှေ့​မှာ ပြေး​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ရှု​ရိ​မြင်း​ရ​ထား​စီး​သူ​ရဲ ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ လေး​သောင်း​တို့​ကို​သတ်၍ ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​ကို​လည်း လုပ်​ကြံ​လေ၏။

Ver Capítulo Copiar




၁ ရာ​ချုပ် 19:18
7 Referencias Cruzadas  

ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ပြန်​၍ ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး​တို့​၏​စစ်ရထားမှူး အယောက်​ခုနစ်​ရာ​၊ မြင်းစီးသူရဲ အယောက်​လေးသောင်း​တို့​ကို ကွပ်မျက်​ပစ်​လေ​၏​။ စစ်သူကြီး​ရှောဗက်​ကို​လည်း ထို​နေရာ​တွင်ပင် အသေသတ်​လိုက်​လေ​၏​။


ထို​သတင်း​ကို​ဒါဝိဒ်​မင်းကြီး​ကြား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​စုဝေး​စေ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​ကာ ဆီးရီးယား​လူမျိုး​တို့​ထံ ချီလာ​၍ သူ​တို့​နှင့်​မျက်နှာချင်းဆိုင်​တွင် စစ်ခင်းကျင်း​၏​။ ဆီးရီးယား​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ဒါဝိဒ်​မင်းကြီး​စစ်ခင်းကျင်း​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​လေ​၏​။


ဟာဒဒေဇာ​မင်းကြီး​၏​လက်အောက်ခံ​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် ရှုံးနိမ့်​နေ​ရ​သည်​ကို သိမြင်​လျှင် ဒါဝိဒ်​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး သူ​၏​လက်အောက်ခံ​အဖြစ်​နေ​ကြ​၏​။ နောင်တွင် ဆီးရီးယား​လူမျိုး​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို စစ်​မ​ကူ​ဝံ့​တော့​ပေ​။


ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။


ရှင်ဘုရင်​သည် စစ်သည်​အလုံးအရင်း​ကြောင့် ကယ်တင်​ခြင်း​ခံရ​သည်​မ​ဟုတ်​။ စစ်သူရဲ​သည် ကြီးမား​သော​ခွန်အား​ကြောင့် လွတ်မြောက်​ခွင့်​ရ​သည်​မ​ဟုတ်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos