၁ ရာချုပ် 17:27 - မြန်မာ့စံမီသမ္မာကျမ်း27 ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေမည့်အကြောင်း အလိုတော်ရှိ၍ ကောင်းချီးပေးတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ကောင်းချီးပေးတော်မူသဖြင့် အစဉ်အမြဲကောင်းချီးခံစားရပါလိမ့်မည်”ဟု တောင်းလျှောက်လေ၏။ Ver CapítuloCommon Language Bible27 ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။ Ver CapítuloGarrad Bible27 အို ထာ ဝ ရ ဘု ရား၊ ကျွန် တော် မျိုး၏ အိမ် ထောင် သည် စဉ် ဆက် မ ပြတ် ရှေ့ တော် တွင် တည် ခွင့် ရ စေ ရန် ယ ခု ကောင်း ကြီး ပေး သ နား တော် မူ ပါ ပြီ။ ကောင်း ကြီး ပေး တော် မူ သည် ဖြစ်၍ စဉ် ဆက် မ ပြတ် မင်္ဂ လာ တည် ရှိ ပါ လိမ့် မည် ဟု တောင်း လျှောက် သ တည်း။ Ver CapítuloJudson Bible27 သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်းချီးပေးခြင်းငှာ နူးညွတ်သောစိတ် ရှိတော်မူပါ။ အိုထာဝရဘုရား ကိုယ်တော်သည် ကောင်းချီးပေးတော်မူလျှင်၊ ကောင်းချီးမင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။ Ver Capítulo |
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။