၁ ရာချုပ် 17:22 - မြန်မာ့စံမီသမ္မာကျမ်း22 ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။ Ver CapítuloCommon Language Bible22 ဣသရေလအမျိုးသားတို့အား ကိုယ်တော်ရှင် ထာဝစဉ်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေ တော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်သူတို့၏ဘုရားသခင်ဖြစ်လာတော် မူပါပြီ။ Ver CapítuloGarrad Bible22 ကိုယ် တော် သည် ပိုင် ရာ တော် အ ဖြစ် ဣ သ ရေ လ လူ မျိုး တော် ကို အ စဉ် ထား တော် မူ သည် နှင့် အ ညီ ထို လူ မျိုး ၏ ဘု ရား ဖြစ် တော် မူ ပါ ပြီ၊ အို ထာ ဝ ရ ဘု ရား။ Ver CapítuloJudson Bible22 အကြောင်းမူကား၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှာပြု၍၊ ကိုယ်တော်ထာဝရဘုရားသည် သူတို့ဘုရားသခင် ဖြစ်တော်မူ၏။ Ver Capítulo |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် ကိုယ်တိုင်ကြွတော်မူ၍ မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပြီး ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို သိစေခဲ့ပါပြီ။ ကိုယ်တော်သည် သူတို့ကို အီဂျစ်ပြည်မှ ကယ်ထုတ်တော်မူခဲ့ပြီး သူတို့ရှေ့မှလူမျိုးခြားတို့ကို နှင်ထုတ်တော်မူခဲ့ပါ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။