၁ ရာချုပ် 17:17 - မြန်မာ့စံမီသမ္မာကျမ်း17 အို ဘုရားသခင်၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အား ချီးမြှောက်ခြင်းကို ခံထိုက်သူအဖြစ် မြင်တော်မူပါသည်တကား။ Ver CapítuloCommon Language Bible17 သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။- Ver CapítuloGarrad Bible17 အို ဘု ရား သ ခင်၊ ထို ကျေး ဇူး တော် ကို သာ မ ည သ ဖွယ် အောက် မေ့ သည့် ပြင် ကျွန် တော် ကို ဘုန်း ကြီး သူ မှတ် ယူ လျက် ရှည် လျား သော နောင် ကာ လ တိုင် အောင် ကျွန် တော် မျိုး၏ အိမ် ထောင် ကို ရည်၍ မိန့် တော် မူ ပါ ပြီ တ ကား။ Ver CapítuloJudson Bible17 သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသောသူကဲ့သို့ မှတ်တော်မူပါသည်တကား။ Ver Capítulo |
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။