၁ ရာချုပ် 17:11 - မြန်မာ့စံမီသမ္မာကျမ်း11 သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့ရှိရာသို့ရောက်သွားလျှင် သင့်ရင်သွေးဖြစ်သော သင့်သားတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။ Ver CapítuloCommon Language Bible11 သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။- Ver CapítuloGarrad Bible11 သင့် အ သက် တာ စေ့ ၍ ဘိုး ဘေး တို့ ထံ လား ရ ပြီး နောက် သင် မှ ဆက် နွယ် သော သား ကို ငါ တင် မြှောက် လျက် အုပ် စိုး ခွင့် ကို တည် စေ လိမ့် မည်။ Ver CapítuloJudson Bible11 သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာသို့သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတစ်ယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။ Ver Capítulo |
ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။