၁ ရာချုပ် 15:2 - မြန်မာ့စံမီသမ္မာကျမ်း2 ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible2 ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊- Ver CapítuloGarrad Bible2 ဒါ ဝိဒ် မင်း က၊ ထာ ဝ ရ ဘု ရား ထံ အ စဉ် အ မှု တော် ဆောင် ရွက် ခြင်း၊ ဘု ရား သ ခင့် သေ တ္တာ တော် ကို ထမ်း ခြင်း ပြု ရန် ရွေး ချယ် တော် မူ ခဲ့ သော လေ ဝိ ဂိုဏ်း သား တို့ မှ တစ် ပါး မည် သူ မျှ ထို သေ တ္တာ တော် ကို မ ထမ်း အပ် ဟု မိန့် ဆို သည် နှင့် အ ညီ၊ Ver CapítuloJudson Bible2 ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကိုထမ်း၍ ရှေ့တော်၌ အမှုတော်ကိုအစဉ်စောင့်စေခြင်းငှာ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူသောကြောင့်၊ အခြားတစ်ပါးသော သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊ Ver Capítulo |
အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။