၁ ရာချုပ် 14:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။ Ver CapítuloCommon Language Bible17 ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။ Ver CapítuloGarrad Bible17 ဒါ ဝိဒ် မင်း ကျော် စော ကိ တ္တိ သည် အ တိုင်း တိုင်း အ ပြည် ပြည် သို့ ရောက် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား သည် ထို မင်း အား လူ အ မျိုး မျိုး တို့ ထိတ် လန့် စေ တော် မူ၏။ Ver CapítuloJudson Bible17 ဒါဝိဒ်သတင်းသည် အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကိုကြောက်ရွံ့စေခြင်းငှာ ထာဝရဘုရား စီရင်တော်မူ၏။ Ver Capítulo |
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။