၁ ရာချုပ် 12:40 - မြန်မာ့စံမီသမ္မာကျမ်း40 ရပ်နီးနေသူများသာမက ရပ်ဝေးနေသူများဖြစ်သော ဣသခါအမျိုး၊ ဇာဗုလုန်အမျိုး၊ နဿလိအမျိုး တို့သည်လည်း မုန့်ညက်နှင့်လုပ်သောအစားအစာများ၊ သဖန်းပျဉ်များ၊ စပျစ်သီးခြောက်များ၊ စပျစ်ဝိုင်၊ ဆီ၊ နွားသား၊ သိုးသား စသောအစားအစာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွား တို့ဖြင့် အမြောက်အမြားတင်ဆောင်လာကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့ အလွန်ဝမ်းမြောက်ဝမ်းသာကြလေ၏။ Ver CapítuloCommon Language Bible40 ဝေးကွာသောဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်မှစသောမြောက်ပိုင်းအရပ်များ မှလူတို့သည်မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ် ရည်နှင့်သံလွင်ဆီတို့ကိုမြည်းများ၊ ကုလား အုတ်များ၊ လားများ၊ နွားများဖြင့်တင်ဆောင် လာကြ၏။ သူတို့သည်သတ်၍စားရန်အတွက် နွားများနှင့်သိုးများကိုလည်းယူဆောင်လာ လေသည်။ ဤအမှုအရာအပေါင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိဣသရေလအမျိုးသား တို့ပျော်ရွှင်ကြပုံကိုထုတ်ဖော်၍ပြသတည်း။ Ver CapítuloJudson Bible40 အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွားနှင့်တကွ အမဲသား၊ မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ်သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။ Ver Capítulo |