၁ ရာချုပ် 11:23 - မြန်မာ့စံမီသမ္မာကျမ်း23 သူသည် အရပ်ငါးတောင်ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။ Ver CapítuloCommon Language Bible23 အလွန်ကြီးမားသောလှံကိုဆောင်ထားသူ အမြင့်ခုနစ်ပေခွဲရှိ အီဂျစ်အမျိုးသား ကြီးတစ်ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယ သည်တင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ၏လက် မှလှံကြီးကိုလုယူလိုက်၏။ ထို့နောက်ထို လှံဖြင့်ပင်လျှင်သူ၏အားအဆုံးစီရင် လေတော့သည်။- Ver CapítuloGarrad Bible23 ရက် ကန်း လက် လိပ် နှင့် အ မျှ လှံ လက် နက် ကို စွဲ ကိုင် သော အ ရပ် အ မောင်း ငါး တောင် ကြီး မြင့် သူ၊ အိ ဂျစ် လူ မျိုး တစ် ယောက် ထံ တုတ် နှင့် သာ ချဉ်း ဝင်၍ ထို အိ ဂျစ် လူ မျိုး လက် မှ လှံ ကို လု ယူ ပြီး လျှင် ၎င်း လှံ ဖြင့် ထိုး သတ် လေ၏။ Ver CapítuloJudson Bible23 အရပ်ငါးတောင်မြင့်သော အဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝှေးကိုသာကိုင်လျက် သွား၍၊ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင် ထိုလှံနှင့် သူ့ကိုသတ်၏။ Ver Capítulo |