၁ ရာချုပ် 11:19 - မြန်မာ့စံမီသမ္မာကျမ်း19 “အို အကျွန်ုပ်၏ဘုရားသခင်၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော။ သူတို့သည် အသက်ကိုရင်း၍ ဤရေများကို ခပ်လာခဲ့သည်မဟုတ်လော”ဟု ဆိုလျက် ထိုရေကို မသောက်ဘဲ နေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။ Ver CapítuloCommon Language Bible19 ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။ Ver CapítuloJudson Bible19 ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါစေသော။ ကိုယ်အသက်ကို မနှမြောဘဲ သွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ်အသက်ကိုစွန့်စား၍ ဤရေကို ဆောင်ခဲ့ကြပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။ Ver Capítulo |
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။