၁ ရာချုပ် 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 ရှေမ၏သားများမှာ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာနှင့် မေရှက် တို့ဖြစ်ကြ၏။ Ver CapítuloCommon Language Bible17 ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။- Ver CapítuloGarrad Bible17 ရှေ မ သား များ ကား၊ ဧ လံ၊ အာ ရှု ရိ၊ အာ ဖာ ဇဒ်၊ လု ဒ၊ အာ ရံ၊ ဥ ဇ၊ ဟု လ၊ ဂေ သာ၊ မေ ရှက် တို့ တည်း။ Ver CapítuloJudson Bible17 ရှေမသားကား ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။ Ver Capítulo |
ဇေရုဗဗေလနှင့် အိမ်ထောင်စုအကြီးအမှူးတို့ထံလာ၍ “ငါတို့သည်လည်း သင်တို့ကဲ့သို့ပင် သင်တို့ဘုရားကို ကိုးကွယ်သည်ဖြစ်၍ သင်တို့နှင့်အတူ တည်ဆောက်ပါရစေ။ ငါတို့ကို ဤနေရာသို့ပို့ဆောင်လာသော အဆီးရီးယားဘုရင် ဧသရဟဒ္ဒုန်မင်းကြီးလက်ထက်ကစ၍ ငါတို့သည် ထိုဘုရားကို ယဇ်ပူဇော်ကြပါ၏”ဟု ဆိုကြ၏။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။