၁ ရာ 9:6 - မြန်မာ့စံမီသမ္မာကျမ်း6 ငယ်သားကလည်း “ကြည့်ပါ။ ဤမြို့တွင် ဘုရားသခင်၏လူတစ်ဦးရှိ၏။ သူသည် လူအများရိုသေလေးစားခြင်းကို ခံရသူဖြစ်၏။ သူပြောသမျှစကားတို့သည်လည်း အလုံးစုံဖြစ်လာတတ်၏။ ယခု သူ့ထံသို့သွားကြစို့။ အကျွန်ုပ်တို့သွားရမည့်လမ်းကို သူညွှန်ပြကောင်းညွှန်ပြလိမ့်မည်”ဟု ဆို၏။ Ver CapítuloCommon Language Bible6 အစေခံက``ဆိုင်းငံ့ပါဦး။ ဤမြို့တွင်သူတော် စင်တစ်ဦးရှိပါ၏။ သူပြောသမျှစကားတို့ သည်အမှန်ပင်ဖြစ်ပျက်လာသဖြင့် သူ့အား လူတို့ရိုသေလေးစားကြပါ၏။ အကျွန်ုပ်တို့ သူ့ထံကိုသွားကြပါစို့။ မြည်းများအား အဘယ်အရပ်တွင်ရှာရမည်ကိုသူသည် အကျွန်ုပ်တို့အားဖော်ပြကောင်းဖော်ပြနိုင် ပါလိမ့်မည်'' ဟုဆို၏။ Ver CapítuloGarrad Bible6 ငယ် သား က၊ ထို မြို့ တွင် သြ ဇာ ကြီး သော ဘု ရား သ ခင့် လူ ယုံ တော် တစ် ပါး ရှိ၏။ ဟော ပြော တိုင်း မှန် သည် နှင့် သူ့ ထံ ဝင် ကြ စို့။ ကျွန် တော် တို့ သွား ရ မည့် ခ ရီး ကို ဖော် ပြ ကောင်း ပြ လိမ့် မည် ဟု လျှောက် သော်၊ Ver CapítuloJudson Bible6 ငယ်သားက၊ ဤမြို့၌ အသရေထင်ရှားသော ဘုရားသခင်၏ လူတစ်ယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့ သွားကြစို့။ ငါတို့ သွားရသောလမ်းကို သူပြကောင်းပြလိမ့်မည်ဟု ဆို၏။ Ver Capítulo |
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။