၁ ရာ 9:17 - မြန်မာ့စံမီသမ္မာကျမ်း17 ရှမွေလသည် ရှောလုကိုမြင်သောအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ဤသူသည် သင့်အား ငါမိန့်ကြားထားသောသူ ဖြစ်၏။ သူသည် ငါ့လူမျိုးတော်ကို အုပ်ချုပ်လိမ့်မည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible17 ရှောလုကိုရှမွေလတွေ့မြင်ချိန်၌ထာဝရ ဘုရားက``သင့်အားငါဖော်ပြခဲ့သောသူ ကားဤသူပင်ဖြစ်၏။ သူသည်ငါ၏လူမျိုး တော်ကိုအုပ်စိုးရလိမ့်မည်'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible17 ထာ ဝ ရ ဘု ရား က၊ ငါ ဗျာ ဒိတ် ပေး ခဲ့ သော သူ့ ကို ကြည့် လော့။ လူ မျိုး တော့် အ ပေါ် တွင် ထို သူ အာ ဏာ ပိုင် ခွင့် ရှိ လိမ့် မည် ဟု မိန့် တော် မူ ပြန်၏။ Ver CapítuloJudson Bible17 ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူသည် ငါ၏လူတို့ကို အုပ်ချုပ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ Ver Capítulo |
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။