၁ ရာ 7:14 - မြန်မာ့စံမီသမ္မာကျမ်း14 အစ္စရေးလူမျိုးတို့ထံမှ ဖိလိတ္တိလူမျိုးတို့ သိမ်းပိုက်ခဲ့သောမြို့များကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် အစ္စရေးလူမျိုးတို့ ပြန်လည်ရရှိကြ၏။ ဖိလိတ္တိလူမျိုးတို့လက်မှ အစ္စရေးလူမျိုးတို့အပိုင် နယ်မြေများကို ပြန်လည်ရရှိကြ၏။ အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့နှင့်လည်း သင့်မြတ်ခြင်းရှိလေ၏။ Ver CapítuloCommon Language Bible14 ဧကြုန်မြို့နှင့်ဂါသမြို့စပ်ကြားတွင်ဖိလိတ္တိ အမျိုးသားတို့သည် မိမိတို့သိမ်းပိုက်ထား ကြသည့်မြို့မှန်သမျှကိုဣသရေလအမျိုး သားတို့၏လက်သို့ပြန်လည်ပေးအပ်ရကြ သဖြင့် ဣသရေလအမျိုးသားတို့သည်မိမိ တို့၏နယ်မြေအားလုံးကိုပြန်လည်ရရှိကြ၏။ ထို့အပြင်ဣသရေလအမျိုးသားတို့နှင့် ခါနာန်အမျိုးသားတို့သည်သင့်မြတ်ငြိမ်း ချမ်းစွာနေထိုင်ကြလေသည်။ Ver CapítuloGarrad Bible14 ဖိ လိ တ္တိ လူ မျိုး တို့ သိမ်း ယူ ပြီး ဣ သ ရေ လ ပိုင် မြို့ ရွာ များ ကို ဧ ကြုန် မြို့ မှ စ၍ ဂါ သ မြို့ တိုင် အောင် ပြန် အပ် ရ ကြ၏။ ဣ သ ရေ လ လူ မျိုး သည် ဖိ လိ တ္တိ လူ မျိုး တို့ လက် မှ ကိုယ့် နယ် ကို အ ကုန် အ စင် ပြန် သိမ်း လျက် အာ မော ရိ ပြည် သား တို့ နှင့် မိတ် သဂ ဟ အ ဖြစ် နေ ထိုင် ကြ၏။ Ver CapítuloJudson Bible14 ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့်နေကြ၏။ Ver Capítulo |