၁ ရာ 4:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုသို့ ဘုရားသခင်၏သေတ္တာတော်အကြောင်းကို ကြားလိုက်ရသောအခါ ဧလိသည် မြို့တံခါးနား သူထိုင်နေသောထိုင်ခုံပေါ်မှ အနောက်သို့လန်ကျရာ အသက်လည်းကြီး လူလည်းဝသဖြင့် ဇက်ကျိုးကာ သေလေ၏။ သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ် စီရင်အုပ်ချုပ်ခဲ့၏။ Ver CapítuloCommon Language Bible18 ဧလိသည်ပဋိညာဉ်သေတ္တာတော်အကြောင်းကို ကြားသောအခါ တံခါးအနီးရှိထိုင်ခုံပေါ်မှ နောက်ပြန်လဲကျသွားတော့၏။ သူသည်လွန်စွာ အိုမင်း၍ဝလွန်းသောကြောင့် ယင်းသို့လဲကျရာ ၌လည်ကုတ်ကျိုး၍သေလေ၏။ သူသည်အနှစ် လေးဆယ်တိုင်တိုင်ဣသရေလအမျိုးသား တို့အား ဦးစီးခေါင်းဆောင်လုပ်ခဲ့သူဖြစ် သတည်း။ Ver CapítuloGarrad Bible18 ဘု ရား သ ခင့် သေ တ္တာ တော် အ ကြောင်း ကြား သိ လျှင် ဧ လိ သည် တံ ခါး အ နီး ဖ တိုင် ပေါ် က နောက် ပြန် လဲ သ ဖြင့် လေး လံ သော သူ အို ဖြစ် သည့် အ တိုင်း လည် ဆစ် ကျိုး၍ သေ လေ၏။ ထို သူ သည် ဣ သ ရေ လ လူ မျိုး ကို နှစ် ပေါင်း လေး ဆယ် အုပ် စိုး စီ ရင် သည် ဖြစ် ၏။ Ver CapítuloJudson Bible18 ဘုရားသခင်၏ သေတ္တာတော် သတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာထိုင်သော ခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍ သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။ Ver Capítulo |