၁ ရာ 30:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဒါဝိဒ်က သူ့အား “ထိုဓားပြတို့ရှိရာသို့ ငါ့ကိုလိုက်ပို့နိုင်သလော”ဟု ဆိုလျှင် သူက “အကျွန်ုပ်ကို မသတ်၊ အကျွန်ုပ်သခင့်လက်သို့လည်း ပြန်မအပ်ပါဟု ဘုရားသခင်ထံကျိန်ဆိုမည်ဆိုလျှင် ထိုဓားပြတို့ရှိရာသို့ လိုက်ပို့ပါမည်”ဟု ဆိုပြီး Ver CapítuloCommon Language Bible15 ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊ လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊- Ver CapítuloGarrad Bible15 ဒါ ဝိဒ် က၊ ထို တပ် ရှိ ရာ သို့ လမ်း ပြ မည် လော ဟု မေး သော်၊ ကျွန် တော် ကို မ သတ်၊ သ ခင့် ထံ သို့ လည်း မ အပ် ဟူ၍ ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို မူ တပ် ရှိ ရာ သို့ လမ်း ပြ ပါ မည် ဟု ဝန် ခံ ပြီး နောက် Ver CapítuloJudson Bible15 ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။ Ver Capítulo |
ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။