၁ ရာ 3:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဧလိကလည်း “သင့်အား မည်သည့်သတင်းစကားကို မိန့်ကြားတော်မူသနည်း။ ငါ့အား ထိမ်ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှထဲမှသတင်းစကားတစ်စုံတစ်ခုကို ငါ့အား သင်ထိမ်ဝှက်ထားလျှင် ဘုရားသခင်သည် သင့်ကို ထိုထက်မက စီရင်တော်မူပါစေသော”ဟု ဆို၏။ Ver CapítuloCommon Language Bible17 ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။- Ver CapítuloGarrad Bible17 ဧ လိ က၊ ဖော် ပြ တော် မူ သော အ ရာ ကား မည် သို့ နည်း။ မ ထိန် ချန် ပါ နှင့်။ ဖော် ပြ တော် မူ သော အ ရာ တစ် စုံ တစ် ခု ကို ထိန် ချန် ခဲ့ လျှင် ဘု ရား သ ခင် သည် သင့် အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု ဆို ရာ Ver CapítuloJudson Bible17 ဧလိကလည်း၊ အဘယ်သို့ မိန့်တော်မူသနည်း။ ငါ့အား ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှ တစ်စုံတစ်ခုကို ငါ့အားဝှက်ထားလျှင်၊ မိန့်တော်မူသည်အတိုင်းမက သင်၌ပြုတော်မူပါစေသောဟု ဆိုလေသော်၊ Ver Capítulo |
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။