၁ ရာ 3:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထာဝရဘုရားသည် ကြွလာ၍ရပ်တော်မူလျက် “ရှမွေလ၊ ရှမွေလ”ဟု ယခင်ကကဲ့သို့ ခေါ်တော်မူလျှင် ရှမွေလက “အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏အစေအပါး နာခံလျက်ရှိပါ၏”ဟု ပြန်လျှောက်လေ၏။ Ver CapítuloCommon Language Bible10 ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။ Ver CapítuloGarrad Bible10 ထာ ဝ ရ ဘု ရား ကြွ ရောက် တည် နေ၍ ရှ မွေ လ၊ ရှ မွေ လ ဟု အ ထက် နည်း တူ ခေါ် တော် မူ လျှင် ရှ မွေ လ က၊ အ မိန့် ရှိ တော် မူ ပါ။ ကျွန် တော် မျိုး နာ ခံ လျက် ရှိ ပါ သည် ဟု ပြန် လျှောက် ရာ Ver CapítuloJudson Bible10 ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊ Ver Capítulo |