၁ ရာ 28:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထာဝရဘုရားသည် သင်နှင့်အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်။ မနက်ဖြန်နေ့တွင် သင်နှင့် သင့်သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် အစ္စရေးစစ်သည်တို့ကိုလည်း ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်”ဟု သူ့အား ဆို၏။ Ver CapítuloCommon Language Bible19 ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။ Ver CapítuloGarrad Bible19 သင် မှ စ၍ ဣ သ ရေ လ လူ မျိုး နှင့် အ လုံး အ ရင်း တို့ ကို ဖိ လိ တ္တိ လူ မျိုး လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သော ကြောင့် သင် နှင့် သင့် သား တို့ ပါ နက် ဖြန် ငါ ရှိ ရာ သို့ ရောက် ရ ကြ လ တ္တံ့ ဟု ဆို သော် Ver CapítuloJudson Bible19 ထိုမှတစ်ပါး သင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။ Ver Capítulo |