၁ ရာ 28:15 - မြန်မာ့စံမီသမ္မာကျမ်း15 ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။ Ver CapítuloCommon Language Bible15 ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။ Ver CapítuloGarrad Bible15 မည် သည့် အ တွက် ငါ့ ကို ခေါ်၍ နှောင့် ရှက် သ နည်း ဟု ရှ မွေ လ မေး သော်၊ ရှော လု မင်း က၊ အ လွန် ကျဉ်း မြောင်း ခြင်း သို့ အ ကျွန်ုပ် ရောက် ပါ ပြီ။ ဖိ လိ တ္တိ လူ မျိုး တို့ စစ် တိုက် မည့် ရှိ ရာ ဘု ရား သ ခင် သည် အ ကျွန်ုပ် မှ ခွါ ပြီး ဖြစ်၍ ပ ရော ဖက် အား ဖြင့်လည်း ကောင်း၊ အိပ် မက် အား ဖြင့်လည်း ကောင်း၊ ထူး တော် မ မူ သော ကြောင့် မည် သို့ ပြု အပ် သည် ကို ဖော် ပြ စေ ခြင်း ငှါ Ver CapítuloJudson Bible15 ရှမွေလကလည်း၊ သင်သည် ငါ့ကိုနှောင့်ယှက်လျက် အဘယ်ကြောင့်ဖော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ်သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှာ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။ Ver Capítulo |