၁ ရာ 26:20 - မြန်မာ့စံမီသမ္မာကျမ်း20 ယခုမှာ ထာဝရဘုရားရှေ့တော်နှင့်ဝေးရာ၌ အကျွန်ုပ်ကို မသတ်ပါနှင့်။ အစ္စရေးဘုရင်သည် တောင်များပေါ်တွင် ခါငှက်ကိုလိုက်သကဲ့သို့ ခွေးလှေးတစ်ကောင်ကို ရှာထွက်လေပြီ”ဟု ပြန်အော်ပြော၏။ Ver CapítuloCommon Language Bible20 အကျွန်ုပ်သည်ထာဝရဘုရားနှင့်ဝေးရာ တိုင်းတစ်ပါးတွင်မသေပါရစေနှင့်။ ဣသ ရေလဘုရင်သည်အဘယ်ကြောင့်ခွေးလှေး မျှသာဖြစ်သောအကျွန်ုပ်ကို သတ်ဖြတ်ရန် ကြွလာတော်မူရပါသနည်း။ မင်းကြီးသည် အဘယ်ကြောင့်အကျွန်ုပ်အားတောငှက်သဖွယ် လိုက်လံဖမ်းဆီးတော်မူရပါသနည်း။'' Ver CapítuloGarrad Bible20 ထို သို့ ထာ ဝ ရ ဘု ရား မျက် မှောက် တော် နှင့် ကင်း ဝေး သော ပြည်၌ ကျွန် တော်ခေါင်း မ ချ ရ ပါ စေ လင့်။ ဣ သ ရေ လ ဘု ရင် မှာ မူ ခင် တန်း ပေါ် တွင် ခါ ငှက် ကို လိုက် ရှာ သူ့ နည်း တူ ကျွန် တော့် အ သက် ကို လိုက် ရှာ ရန် ချီ ထွက် လေ စွ တ ကား ဟု တင် လျှောက် လေ၏။ Ver CapítuloJudson Bible20 သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာ လိုက်၍ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကိုရှာခြင်းငှာ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။ Ver Capítulo |
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။