၁ ရာ 26:16 - မြန်မာ့စံမီသမ္မာကျမ်း16 သင် ဤသို့ပြုသည်မှာ မကောင်းမသင့်ပေ။ ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရား၏ဘိသိက်ခံ သင်၏ရှင်ဘုရင်ကို သင်မစောင့်ရှောက်နိုင်သောကြောင့် သင်သည် အမှန်ပင် သေသင့်သောသူဖြစ်၏။ ယခု ကြည့်ပါ။ ရှင်ဘုရင်၏ခေါင်းရင်း၌ထားသော လှံနှင့်ရေဘူးကား အဘယ်မှာနည်း”ဟု အော်ပြောလေ၏။ Ver CapítuloCommon Language Bible16 အချင်းအာဗနာ၊ သင်သည်ဝတ္တရားပျက်ကွက် ခဲ့ပါသည်တကား။ ဘုရင်အဖြစ်ဘုရားသခင် ခန့်ထားတော်မူသောသင်၏အရှင်ကို သင်သည် မစောင့်ရှောက်ခဲ့သဖြင့်သင်တို့အားလုံးပင် သေဒဏ်ခံသင့်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏။ ဘုရင်၏လှံတော်သည် အဘယ်မှာရှိသည်ကိုကြည့်လော့။ ခေါင်း ရင်းတော်အနီးတွင်ထားသည့်ရေဘူးတော် ကားအဘယ်မှာရှိသနည်း'' ဟုမေး၏။ Ver CapítuloGarrad Bible16 သင် ပေါ့ လျော့ သည် မှာ မ ကောင်း လေ စွ။ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ဘိ သိက် တော် ခံ မင်း ကိုယ့် အ ရှင် ကို မ စောင့် ကြပ် သော သင် တို့ သည် သေ ဒဏ် ခံ ထိုက် ကြ လေ ပြီ။ ခေါင်း ရင်း တော် တွင် ထား သော လှံ တော် နှင့် သောက် တော် ရေ ဘူး အ ဘယ် မှာ ရှိ သည် ကို ကြည့် လော့ ဟု အာ ဗ နာ အား ဟစ် ပြော သော အ သံ ကို Ver CapítuloJudson Bible16 သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာထားသော ရှင်ဘုရင်၏လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။ Ver Capítulo |
အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်