၁ ရာ 26:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် ဒါဝိဒ်သည် ရှောလုမင်းကြီး၏ခေါင်းရင်းရှိလှံနှင့် ရေဘူးကို ယူပြီး ပြန်သွားကြ၏။ ဤသည်ကို မည်သူကမျှ မသိ၊ မမြင်။ ထာဝရဘုရားသည် သူတို့ကို အိပ်မောကျစေသဖြင့် အားလုံးအိပ်ပျော်နေသည်ဖြစ်၍ တစ်ယောက်မျှမနိုးကြ။ Ver CapítuloCommon Language Bible12 ထိုနောက်ဒါဝိဒ်သည်ရှောလု၏ခေါင်းရင်းတွင် ရှိသောလှံနှင့်ရေဘူးကိုယူ၍ အဘိရှဲနှင့် အတူထွက်သွား၏။ ထာဝရဘုရားသည်တစ် တပ်လုံးကိုအိပ်မောကျစေတော်မူသဖြင့် အဘယ်သူမျှမသိမမြင်မနိုးမကြား ကြ။ Ver CapítuloGarrad Bible12 ရှော လု မင်း ခေါင်း ရင်း ရှိ လှံ တော် နှင့် သောက် တော် ရေ ဘူး ကို ဒါ ဝိဒ် ယူ ဆောင် ရာ တစ် တပ် လုံး ကို ထာ ဝ ရ ဘု ရား အိပ် မော ကျ စေ တော် မူ သည့် အ တိုင်း၊ အိပ် ပျော် ကြ သ ဖြင့်၊ တစ် ဦး တစ် ယောက် မျှ မ နိုး မ ကြား မ သိ မ မြင် ဘဲ ထွက် သွား ရ ကြ၏။ Ver CapítuloJudson Bible12 လှံတော်နှင့်ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသောအိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။ Ver Capítulo |
ထိုအခါ ဒါဝိဒ်အား သူ၏နောက်လိုက်တို့က “ယနေ့သည် ထာဝရဘုရားက သင့်အား ‘ကြည့်ရှုလော့။ သင့်ရန်သူကို သင့်လက်သို့ ငါအပ်မည်။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုနိုင်မည်’ဟု မိန့်တော်မူသောနေ့ပင်တည်း”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည်ထ၍ ရှောလုမင်းကြီး၏ဝတ်လုံစွန်းကို တိတ်တဆိတ် ဖြတ်ယူထားလေ၏။