၁ ရာ 26:10 - မြန်မာ့စံမီသမ္မာကျမ်း10 တစ်ဖန် ဒါဝိဒ်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ထာဝရဘုရားသည် သူ့ကို အမှန်ပင် ဒဏ်ခတ်တော်မူလိမ့်မည်။ သို့မဟုတ် သူသေရမည့်နေ့ ရောက်လျှင်လည်း ရောက်လာလိမ့်မည်။ စစ်သွားတိုက်၍ သူကျဆုံးလျှင်လည်း ကျဆုံးလိမ့်မည်။ Ver CapítuloCommon Language Bible10 ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။- Ver CapítuloGarrad Bible10 ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း စု တေ့ ချိန် ရောက်၍ ဖြစ် စေ၊ စစ် ပွဲ၌ ကျ၍ ဖြစ် စေ၊ ထာ ဝ ရ ဘု ရား ဒဏ် စီ ရင် တော် မူ လိမ့် မည်။ Ver CapítuloJudson Bible10 တစ်ဖန် ဒါဝိဒ်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။ Ver Capítulo |
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။