၁ ရာ 25:9 - မြန်မာ့စံမီသမ္မာကျမ်း9 ဒါဝိဒ်၏ငယ်သားတို့သည်လည်း သွား၍ ဒါဝိဒ်မှာလိုက်သောစကားအလုံးစုံကို နာဗလအား ပြောကြားပြီးနောက် စောင့်ဆိုင်းလျက်နေကြစဉ် Ver CapítuloCommon Language Bible9 ယင်းသို့ညွှန်ကြားလိုက်သည့်အတိုင်းဒါဝိဒ် ၏လူတို့သည် နာဗလအားနှုတ်ဆက်ပြော ကြားပြီးလျှင်စောင့်ဆိုင်း၍နေကြ၏။- Ver CapítuloGarrad Bible9 ငယ် သား တို့ ရောက် လာ၍ ဒါ ဝိဒ် ကိုယ် စား ထို သို့ သော စ ကား များ ကို နာ ဗ လ အား ပြန် ကြား ပြီး လျှင် တိတ် ဆိတ် စွာ နေ ကြ လေ၏။ Ver CapítuloJudson Bible9 ဒါဝိဒ်၏လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။ Ver Capítulo |
အာသမင်းကြီးက ယုဒလူမျိုးတို့အား “ဤမြို့တို့ကို ငါတို့ တည်ဆောက်ကြစို့။ မြို့ကိုဝိုင်းရံထားသောမြို့ရိုး၊ ရဲတိုက်များ၊ တံခါးများနှင့် ကန့်လန့်ကျင်များကို ဆောက်လုပ်ကြစို့။ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားကိုရှာသောကြောင့် တိုင်းပြည်သည် ငါတို့ လက်ထဲ၌ရှိလေပြီ။ ကိုယ်တော်ကို ရှာသောကြောင့် ငါတို့ဝန်းကျင်၌ ငြိမ်းချမ်းခြင်းကို ပေးတော်မူပြီ”ဟု မိန့်ဆို၏။ ဤသို့ဖြင့် မြို့များကိုတည်ဆောက်အောင်မြင်လေ၏။
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။