၁ ရာ 25:29 - မြန်မာ့စံမီသမ္မာကျမ်း29 တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။ Ver CapítuloCommon Language Bible29 အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။- Ver CapítuloGarrad Bible29 အ ရှင့် အ သက် အ န္တ ရာယ် ကို လိုက် ရှာ သူ တို့ ထ ကြွ သော် လည်း အ ရှင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ အ သက် ရ တ နာ ကြုတ် တွင် အ ရှင့် အ သက် ကို ထည့် ပိတ်၍ ထား ပါ စေ သော။ ရန် သူ တို့ အ သက် ကို ကား လွှဲ ပစ် သော လောက် စာ ကဲ့ သို့ ပစ် တော် မူ ပါ စေ သော။ Ver CapítuloJudson Bible29 ကိုယ်တော်၏အသက်ကို သတ်အံ့သောငှာ လူအချို့တို့သည် ထ၍ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။ Ver Capítulo |
ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကို ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ယူလာပြီး ရှင်ဘုရင်အား “အရှင်၏အသက်ကိုရန်ရှာသော အရှင့်ရန်သူရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုကြည့်ပါ။ ယနေ့တွင် ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးအား ရှောလုမင်းကြီးနှင့် သူ့အမျိုးအနွယ်ကို လက်တုံ့ပြန်ခွင့်ပေးတော်မူပြီ”ဟု လျှောက်တင်ကြ၏။
အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။