၁ ရာ 25:26 - မြန်မာ့စံမီသမ္မာကျမ်း26 ယခုမှာ အကျွန်ုပ်၏သခင်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သခင်လည်း အသက်ရှင်သည်နှင့်အညီ ထာဝရဘုရားသည် သခင့်လက်ကို လူသတ်ခြင်းဘေး၊ သခင်ကိုယ်တိုင် လက်စားချေခြင်းဘေးမှ ဆီးတားတော်မူပြီ။ သခင့်ရန်သူ၊ သခင့်ကို အန္တရာယ်ပြုရန် ကြံစည်သောသူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။ Ver CapítuloCommon Language Bible26 ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။- Ver CapítuloGarrad Bible26 ယ ခု၊ ထာ ဝ ရ ဘု ရား၏ အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း ကာ ယ ကံ မြောက်၊ အ သွေး သွန်း၍ အောင် မြင် ပြစ် ကို ထာ ဝ ရ ဘု ရား ကန့် ကွက် တော် မူ ပြီ ဖြစ် သော ကြောင့် အ ရှင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သော ရန် သူ တို့ သည် နာ ဗ လ ကဲ့ သို့ ဖြစ် ကြ ပါ စေ သော။ Ver CapítuloJudson Bible26 ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကိုသတ်ခြင်းငှာ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရားဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။ Ver Capítulo |
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။