၁ ရာ 22:4 - မြန်မာ့စံမီသမ္မာကျမ်း4 သူတို့ကို မောဘဘုရင်ထံ၌ အပ်နှံထားခဲ့၏။ ဒါဝိဒ်သည် ဥမင်လိုဏ်ခေါင်းတွင် ပုန်းနေရသမျှကာလပတ်လုံး သူတို့သည် မောဘဘုရင်ထံ၌ ခိုလှုံခဲ့ကြ၏။ Ver CapítuloCommon Language Bible4 သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။ Ver CapítuloGarrad Bible4 ခိုင် လုံ သော ဥမင်၌ ဒါ ဝိဒ် အောင်း နေ သ မျှ ကာ လ ပတ် လုံး မော ဘ ဘု ရင် ထံ မိ ဘ တို့ နေ ရ ကြ၏။ Ver CapítuloJudson Bible4 မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သောဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။ Ver Capítulo |
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။