၁ ရာ 22:15 - မြန်မာ့စံမီသမ္မာကျမ်း15 သူ့အတွက် ဘုရားသခင်ထံ မေးမြန်းပေးသည်မှာ ဤနေ့မှာ ပထမဆုံးအကြိမ်ဖြစ်သလော။ အရှင်မင်းကြီး စွပ်စွဲပြောဆိုသောစကားများသည် အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏အိမ်ထောင်မိသားစုများနှင့် ဝေးပါစေသော။ အရှင့်အစေအပါးသည် မည်သည့်အမှုကြီးငယ်ကိုမျှ မသိပါ”ဟု လျှောက်ဆို၏။ Ver CapítuloCommon Language Bible15 သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။ Ver CapítuloGarrad Bible15 သူ့ အ တွက် ဘု ရား သ ခင် ထံ မေး လျှောက် သည် ကား ယ ခု ပင် အ စ ပြု၍ မေး လျှောက် သည် မ ဟုတ် ပါ။ ကျွန် တော် မှ စ၍ ဆွေ မျိုး သား ချင်း တို့ အ ပေါ် မှာ ဘု ရင် မင်း အ ပြစ် တင် တော် မ မူ ပါ လင့်။ ဤ အ မှု နှင့် စပ် လျဉ်း၍ တစ် စုံ တစ် ရာ မျှ ကျွန် တော် မ သိ ပါ ဟု ချေ ပ ရာ တွင် Ver CapítuloJudson Bible15 ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဖို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစ်စုံတစ်ယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။ Ver Capítulo |