Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ 20:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သူ​က ‘​ထို​မြို့​၌ အကျွန်ုပ်​တို့​မျိုးနွယ်စု​၏​ယဇ်ပူဇော်ပွဲ​ရှိ​သည်​ဖြစ်​၏​။ အကျွန်ုပ်​၏​အစ်ကို​လည်း အကျွန်ုပ်​ကို မှာလိုက်​ပါ​ပြီ​။ ထို့ကြောင့် အရှင်​အလိုရှိ​လျှင် အကျွန်ုပ်​၏​အစ်ကို​တို့​နှင့် ပြန်လည်​တွေ့ဆုံ​ခွင့်​ပြု​ပါ​’​ဟု ဆို​ပါ​၏​။ ထို့ကြောင့် ယခု အရှင်မင်းကြီး​၏​စားသောက်ပွဲ​သို့ သူ​မ​လာ​နိုင်​ပါ​”​ဟု ပြန်လျှောက်​၏​။

Ver Capítulo Copiar

Common Language Bible

29 ထို​မြို့​တွင်​အ​ကျွန်ုပ်​၏​ဆွေ​မျိုး​သား​ချင်း တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကျင်း​ပ​လျက်​နေ​ကြ သ​ဖြင့် အစ်​ကို​က​လည်း​အ​ကျွန်ုပ်​အား​လာ ရ​မည်​ဟု​ဆို​ပါ​သည်။ သင်​သည်​အ​ကျွန်ုပ်​ကို ခင်​မင်​ပါ​က​အ​ကျွန်ုပ်​အား​ညီ​အစ်​ကို​တို့ ကို​တွေ့​ရန်​သွား​ခွင့်​ပြု​ပါ​ဟု​ပန်​ကြား​ပါ​၏။ ထို့​ကြောင့်​သူ​သည်​အ​ရှင်​၏​စား​ပွဲ​တော် တွင်​မ​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန်​ကြား လျှောက်​ထား​၏။

Ver Capítulo Copiar

Garrad Bible

29 ဆွေ မျိုး သား ချင်း တို့ နေ ရင်း မြို့၌ ပူ ဇော် ပွဲ လုပ် ကြ ပါ သည်။ အစ် ကို လည်း ကျွန် တော် ကို ခေါ် ဖိတ် သည် ဖြစ်၍ အ ရှင် ကြည် သာ လျှင် ညီ အစ် ကို တို့ ကို အ တွေ့ အ မြင် ထွက် သွား ခွင့် ပြု တော် မူ ပါ ဟူ၍ ပန် သည့် အ တိုင်း စား ပွဲ တော် သို့ မ လာ မ ရောက် ပါ ဟု တင် လျှောက် သော အ ခါ

Ver Capítulo Copiar

Judson Bible

29 အ​ကျွန်ုပ် သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့။ အ​ကျွန်ုပ် အ​ဆွေ​အ​မျိုး​တို့​သည် ထို​မြို့၌ ယဇ်​ပွဲ​ကို​ဆောင်​ကြ​ပါ၏။ အ​ကျွန်ုပ်​အစ်​ကို​လည်း မှာ​လိုက်​ပါ​ပြီ။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင် အ​ကျွန်ုပ်​သွား၍ အစ်​ကို​တို့​ကို မြင်​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​ပါ​လော့​ဟု တောင်း​ပန်​ပါ၏။ ထို​ကြောင့် စား​ပွဲ​တော်​သို့ မ​လာ​ပါ​ဟု ရှော​လု​အား လျှောက်​လေ၏။

Ver Capítulo Copiar




၁ ရာ 20:29
4 Referencias Cruzadas  

ထိုအခါ ရှမွေလ​က “​အကျွန်ုပ် မည်သို့​သွား​နိုင်​ပါ​မည်နည်း​။ ရှောလု​ကြား​လျှင် အကျွန်ုပ်​ကို သတ်​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ရာ ထာဝရဘုရား​က “​နွားအုပ်​ထဲမှ နွားမတမ်း​တစ်​ကောင်​ကို​ယူ​၍ ‘​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငါ​လာ​သည်​’​ဟု ဆို​လော့​။


ထိုသို့ ဒါဝိဒ်​နှင့်​လူ​တို့ ပြောဆို​နေ​ကြ​သည်​ကို ဒါဝိဒ်​၏​အစ်ကို​အကြီးဆုံး​ဖြစ်​သူ ဧလျာဘ​ကြားသိ​လျှင် ဒါဝိဒ်​ကို​အမျက်ထွက်​၍ “​သင် အဘယ်ကြောင့် ဤ​နေရာ​သို့ ဆင်းလာ​သနည်း​။ တောကန္တာရ​မှ သိုး​အနည်းငယ်​ကို မည်သူ​နှင့် ထားခဲ့​သနည်း​။ သင်​၌​မာန်မာန​ရှိ​ကြောင်း​၊ မကောင်း​သော​စိတ်ကူး​ရှိ​နေ​ကြောင်း ငါ​သိ​၏​။ တိုက်ပွဲ​ကို ကြည့်​လို​၍ သင်​လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ပြောဆို​လေ​၏​။


ယောနသန်​က “​ဒါဝိဒ်​သည် ဗက်လင်​မြို့​သို့ ပြန်​သွား​ခွင့်​ပြု​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံ တစာစာ​ခွင့်တောင်း​ပါ​၏​။


ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​အား အမျက်​ပြင်းစွာ​ထွက်​လျက် “​ပုန်ကန်​ဖောက်ပြား​သော​မိန်းမ​၏​သား​၊ သင်​အရှက်​ရ​အောင်​၊ သင့်​မိခင် အဝတ်အချည်းစည်း​ဖြစ်​ပြီး အရှက်ကွဲ​အောင် သင်​သည် ယေရှဲ​၏​သား​ဘက်​၌ ရပ်တည်​နေ​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos