Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ 20:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 လူငယ်​တစ်​ဦး​အား ‘​မြား​တို့​ကို လိုက်ရှာ​လော့’​ဟု စေခိုင်း​မည်​။ အကယ်၍ ငါ​က ထို​လူငယ်​အား ‘ကြည့်​လော့​။ မြား​တို့​သည် သင့်​ဘေး​၌​ရှိ​၏​။ ကောက်ယူ​လာ​ခဲ့​လော့​’​ဟု ဆို​လျှင် သင်​ထွက်လာ​လော့​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​၌ အန္တရာယ်​မ​ရှိ​။ ဘေးကင်း​လေ​ပြီ​။

Ver Capítulo Copiar

Common Language Bible

21 ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။-

Ver Capítulo Copiar

Garrad Bible

21 မြှား ကို ရှာ ကောက် ရန် သူ ငယ် တစ် ယောက် စေ၍ နင့် နောက် တွင် မြှား ရှိ သည်၊ ကောက် လော့ ဟု ဆို ပြီး လျှင် ပြန် ခဲ့ လော့။ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ချမ်း သာ ရ လေ ပြီ။

Ver Capítulo Copiar

Judson Bible

21 မြား​တို့​ကို သွား၍​ရှာ​ချေ​ဟု လူ​က​လေး​ကို စေ​ခိုင်း​သော​အ​ခါ၊ မြား​တို့​သည် နင့်​အ​နား​မှာ​ရှိ၏။ ကောက်​တော့​ဟု သေ​ချာ​စွာ​ပြော​လျှင် လာ​ခဲ့​ပါ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဘေး​မ​ရှိ၊ ချမ်း​သာ​ရ​ပြီ။

Ver Capítulo Copiar




၁ ရာ 20:21
7 Referencias Cruzadas  

ထာဝရဘုရား​က “ဗာလ​ဘုရား​ကို တိုင်တည်ကျိန်ဆို​ရန် ငါ့​လူမျိုး​ကို သူ​တို့​သင်ကြား​ပေး​သကဲ့သို့ ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ငါ့​နာမ​ကို​တိုင်တည်ကျိန်ဆို​၍ ငါ့​လူမျိုး​၏​နည်းလမ်း​ကို သူ​တို့​ကြိုးစား​သင်ယူ​မည်​ဆို​လျှင် သူ​တို့​ကို ငါ့​လူမျိုး​ထဲ​တွင် တည်နေခွင့်ပြု​မည်​။


‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​က ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ဆို​ကြ​လျက်ပင် မဟုတ်မမှန်​ကျိန်ဆို​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။


‘အို ဒန်​၊ သင်​၏​ဘုရား​အသက်ရှင်​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း​၊ ‘ဗေရရှေဘ​ကျင့်စဉ်​တို့ ရှင်သန်​နေ​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း ရှမာရိ​အပြစ်​ကို​တိုင်တည်ကျိန်ဆို​တတ်​သော​သူ​တို့​သည် နောက်တစ်ဖန် ပြန်​မ​ထ​နိုင်​အောင် ကျဆုံး​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ပစ်မှတ်​ကို ပစ်​သကဲ့သို့ ထို​ကျောက်​ဘေးနား​သို့ မြား​သုံး​စင်း ပစ်လွှတ်​မည်​။


အကယ်၍ ငါ​က ထို​လူငယ်​အား ‘​မြား​တို့​သည် သင့်​ကို​လွန်သွား​ပြီ​’​ဟု ဆို​လျှင် သင်​ထွက်သွား​ပါ​။ ထာဝရဘုရား​သည် သင့်​ကို ထွက်ပြေး​စေ​ပြီ​။


လူငယ်လေး​အား “​ယခု ပြေး​ပြီး ငါ​ပစ်လွှတ်​သော​မြား​ကို ရှာ​ပါ​”​ဟု ဆို​၏​။ ထို​လူငယ်လေး​ပြေး​သောအခါ သူ့​ကို ကျော်သွား​အောင် ယောနသန်​သည် မြား​ကို ပစ်လွှတ်​လိုက်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos