၁ ရာ 20:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထို့နောက် ယောနသန်က “ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို့ကို သုတ်သင်တော်မူပါစေသော”ဟု ဆို၍ ဒါဝိဒ်၏အိမ်သူအိမ်သားတို့နှင့် ကတိသစ္စာပြုလေ၏။ Ver CapítuloCommon Language Bible16 ကျွန်ုပ်တို့နှစ်ဦးထားရှိကြသည့်ကတိ သစ္စာမပျက်မပြယ်တည်မြဲပါစေသတည်း။ အကယ်၍ထိုကတိသစ္စာကိုဖျက်ခဲ့သော် ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ် စီရင်တော်မူပါစေသော''ဟုဆို၏။ Ver CapítuloGarrad Bible16 ထာ ဝ ရ ဘု ရား သည် ဒါ ဝိဒ် ကို ရန် သူ တို့ လက် ဖြင့် ဆပ် ပေး တော် မူ ပါ စေ သော ဟူ၍ လည်း ကောင်း၊ ဒါ ဝိဒ်၏ သား စဉ် မြေး ဆက် တိုင် အောင် ယော န သန် သ စ္စာ မိတ် ဖွဲ့ လေ ၏။ Ver CapítuloJudson Bible16 သစ္စာပျက်လျှင် ဒါဝိဒ်၏ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်လည်းကောင်း၊ Ver Capítulo |
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။
သင်တို့အားလုံးသည် ငါ့ကို ပူးပေါင်းကြံစည်ကြပြီ။ ငါ့သားနှင့်ယေရှဲ၏သားတို့ ကတိသစ္စာပြုကြသည်ကို ငါ့အား မည်သူမျှမပြောပြကြ။ ယခုကဲ့သို့ ငါ့အစေအပါးသည် ငါ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ငါ့သားကိုယ်တိုင် သွေးထိုးပေးသည်ကိုလည်း မည်သူမျှ ငါ့အဖို့ ဝမ်းမနည်းကြ။ ငါ့အား မည်သူမျှမပြောပြကြ”ဟု ဆို၏။