၁ ရာ 17:58 - မြန်မာ့စံမီသမ္မာကျမ်း58 ထိုအခါ ရှောလုမင်းကြီးက သူ့အား “အချင်းလူငယ်၊ သင်သည် မည်သူ့သားနည်း”ဟု မေးလျှင် ဒါဝိဒ်က “အကျွန်ုပ်သည် အရှင့်အစေအပါး၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်”ဟု လျှောက်၏။ Ver CapítuloCommon Language Bible58 ရှောလုက``အချင်းလူငယ်၊ သင်ကားအဘယ် သူ၏သားနည်း'' ဟုမေးတော်မူလျှင်၊ ဒါဝိဒ်က``အကျွန်ုပ်သည်အရှင်၏အစေခံ၊ ဗက်လင်မြို့သားယေရှဲ၏သားဖြစ်ပါ၏'' ဟုပြန်လည်လျှောက်ထား၏။ Ver CapítuloGarrad Bible58 အ ချင်း လု လင်၊ သင် ကား မည် သူ့ သား နည်း ဟု မေး လျှင် ကျွန် တော် သည် အ ရှင့် ကျွန်၊ ဗက် လင် မြို့ နေ ယေ ရှဲ၏ သား ဖြစ် ပါ သည် ဟု ဒါ ဝိဒ် တင် လျှောက် လေ ၏။ Ver CapítuloJudson Bible58 ရှောလုက၊ အချင်းလုလင်၊ သင်သည် အဘယ်သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်ဟု လျှောက်လေ၏။ Ver Capítulo |
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။