Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ 17:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ထိုအခါ အကျွန်ုပ်​သည် ခြင်္သေ့​၊ ဝက်ဝံ​တို့​ကို လိုက်​၍ တိုက်ခိုက်​ပြီး ထို​အကောင်​တို့​၏​ပါးစပ်​မှ သိုး​တို့​ကို ကယ်​ခဲ့​ပါ​၏​။ ထို​အကောင်​က အကျွန်ုပ်​ကို ပြန်လည်​တိုက်ခိုက်​လျှင် ထို​အကောင်​၏​မုတ်ဆိတ်​ကို​ဖမ်းဆွဲ​ပြီး ရိုက်​သတ်​ပါ​၏​။

Ver Capítulo Copiar

Common Language Bible

35 အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။-

Ver Capítulo Copiar

Garrad Bible

35 လိုက် လံ ရိုက် နှက်၍ ခံ တွင်း မှ ပင် ဆွဲ ယူ ပါ၏။ ရန် မူ ရာ တွင် လည်း မေး ကို ဆွဲ ကိုင် ရိုက် သတ် ပါ၏။

Ver Capítulo Copiar

Judson Bible

35 ကျွန်​တော်​လိုက်၍ သတ်​သ​ဖြင့် သိုး​သ​ငယ်​ကို သူ့​ပါး​စပ်​ထဲ​က နုတ်​ပါ၏။ ဝံ​သည် ကျွန်​တော်​ကို ပြန်၍​ကိုက်​သော​အ​ခါ၊ ဝံ၏​မုတ်​ဆိတ်​ကို​ကိုင်၍ ရိုက်​သတ်​ပါ၏။

Ver Capítulo Copiar




၁ ရာ 17:35
9 Referencias Cruzadas  

ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။


သင်​သည် ခြင်္သေ့​နှင့်​မြွေဟောက်​အပေါ်​နင်းသွား​၍ ခြင်္သေ့ပျို​နှင့်​မြွေနဂါး​ကို နင်းချေ​လိမ့်မည်​။


အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။


တစ်ဖန် ထာဝရဘုရား​က “သိုးထိန်း​သည် ခြင်္သေ့​ခံတွင်း​မှ ခြေ​နှစ်​ချောင်း​၊ နားရွက်​တစ်ပိုင်း​ကို​သာ နုတ်ယူ​နိုင်​သကဲ့သို့ ရှမာရိ​မြို့​ခုတင်​စွန်း​၊ ဒမတ်စကပ်​ညောင်စောင်း​တွင်​ထိုင်​သော အစ္စရေး​အမျိုးသား​တို့​သာ ကယ်နုတ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


သို့သော် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အရှင့်​အစေအပါး​သည် ဖခင်​၏​သိုး​များ​ကို ထိန်းကျောင်း​နေ​စဉ် ခြင်္သေ့​၊ ဝက်ဝံ​တို့​သည် လာ​၍ သိုးအုပ်​ထဲမှ သိုးသငယ်​ကို ကိုက်ဆွဲ​ပါ​၏​။


ထိုသို့ ခြင်္သေ့​နှင့် ဝက်ဝံ​တို့​ကို အရှင့်​အစေအပါး သတ်​ခဲ့​ပါ​၏​။ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​စစ်သည်​တို့​ကို စော်ကား​နေ​သည့် အရေဖျားလှီး​ခြင်း​မ​ခံ​သော ဤ​ဖိလိတ္တိ​ပြည်သား​သည်​လည်း ထို​အကောင်​ထဲမှ​တစ်​ကောင်​ကဲ့သို့သာ ဖြစ်​ပါ​သည်”​ဟု လျှောက်တင်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos