Biblia Todo Logo
La Biblia Online
- Anuncios -




၁ ရာ 14:40 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 ထို့ကြောင့် ရှောလု​မင်းကြီး​က အစ္စရေး​လူမျိုး​အပေါင်း​တို့​အား “​သင်​တို့​အားလုံး တစ်ဖက်မှာ​နေ​ပါ​။ ငါ​နှင့်​ငါ့​သား​ယောနသန်​သည် တစ်ဖက်​မှာ​နေ​မည်​”​ဟု ဆို​လျှင် လူ​တို့​က “​အရှင်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​”​ဟု ရှောလု​မင်းကြီး​အား လျှောက်တင်​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

40 ရှော​လု​က``သင်​တို့​သည်​ထို​နေ​ရာ​တွင်​ရပ် ၍​နေ​ကြ​လော့။ ယော​န​သန်​နှင့်​ငါ​မူ​ကား ဤ​နေ​ရာ​တွင်​ရပ်​၍​နေ​ကြ​အံ့'' ဟု​ဆို​၏။ လူ​တို့​က​လည်း``အ​ရှင်​စိတ်​တော်​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

Ver Capítulo Copiar

Garrad Bible

40 ရှော လု မင်း က လည်း၊ သင် တို့ တစ် ဘက်၊ ငါ နှင့် သား တော် ယော န သန် တစ် ဘက်၊ ရပ် နေ ကြ အံ့ ဟု မိန့် ဆို လျှက် စိတ် တော် ရှိ ရာ ပြု တော် မူ ပါ ဟု ဗိုလ် ထု ဝန် ခံ ကြ ၏။

Ver Capítulo Copiar

Judson Bible

40 ရှော​လု​က​လည်း၊ သင်​တို့​သည် တစ်​ဖက်၊ ငါ​နှင့် ငါ့​သား​ယော​န​သန်​သည် တစ်​ဖက်​နေ​ရ​ကြ​မည်​ဟု​ဆို​လျှင်၊ လူ​များ​တို့​က စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊

Ver Capítulo Copiar




၁ ရာ 14:40
6 Referencias Cruzadas  

ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင်


သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​သင်​ကောင်း​သည်​ဟု​ထင်​သည့်​အတိုင်း ပြု​ပါ​။ သူငယ်​နို့ပြတ်​သည်​အထိ နေ​ပါ​။ ထာဝရဘုရား​သည် ကတိ​ထား​သည့်​အတိုင်း ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ထို့ကြောင့် ဟန္န​နေ​ခဲ့​၍ မိမိ​၏​သား​ကို နို့ပြတ်​သည်​အထိ​ပြုစု​စောင့်ရှောက်​လေ​၏​။


ရှောလု​မင်းကြီး​က “​ယခု​ည ဖိလိတ္တိ​လူမျိုး​တို့​ထံ​သွား​၍ နံနက်​မိုးလင်း​သည့်​တိုင်အောင် တိုက်ခိုက်သိမ်းယူ​ကြ​စို့​။ တစ်​ယောက်​မျှ အသက်ရှင်​ကျန်ရစ်​သူ မ​ရှိ​စေ​နှင့်​”​ဟု​ဆို​လျှင် သူ​တို့​က “​အရှင် အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။ သို့သော် ယဇ်ပုရောဟိတ်​က “​ဦးစွာ ဘုရားသခင်​ထံ​ဆည်းကပ်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။


အစ္စရေး​လူမျိုး​၏​ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ့​သား​ယောနသန်​ပင် ဖြစ်​စေ​ကာ​မူ မုချ​အသတ်​ခံရ​မည်​”​ဟု ဆို​၏​။ သို့သော် မည်သူ​တစ်ဦးတစ်ယောက်​မျှ သူ့​ကို ပြန်​၍​မ​လျှောက်တင်​ကြ​။


ထို့နောက် ရှောလု​မင်းကြီး​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ “​အမှန်​ကို​သိ​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​ပြီး မဲချ​ရာ ရှောလု​နှင့်​ယောနသန်​၌​မဲကျ​သဖြင့် အခြား​သော​သူ​တို့ လွတ်သွား​ကြ​၏​။


လက်နက်ကိုင်​လုလင်​က​လည်း “​အရှင့်​စိတ်တိုင်းကျ ပြု​ပါ​။ အရှင်​သွား​လို​ရာ​သို့ သွား​ပါ​။ အရှင့်​အလို​အတိုင်း အကျွန်ုပ်​ပြု​ပါ​မည်​”​ဟု ပြန်ပြော​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos