၁ ရာ 14:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထိုစဉ်က ရှိလောမြို့တွင် ထာဝရဘုရား၏ယဇ်ပုရောဟိတ် ဧလိ၏မြစ်၊ ဖိနဟတ်၏မြေး၊ ဣခဗုဒ်၏အစ်ကို၊ အဟိတုပ်၏သား အဟိယသည် ဧဖုဒ်ကိုဝတ်ဆင်လျက် ယဇ်ပုရောဟိတ်အဖြစ် အမှုဆောင်နေ၏။ ယောနသန်ထွက်သွားသည်ကို လူတစ်ယောက်မျှမသိ။ Ver CapítuloCommon Language Bible3 (သင်တိုင်းကိုဝတ်ဆင်သောယဇ်ပုရောဟိတ် မှာအဟိယဖြစ်သည်။ သူ၏အဖကား ဣခဗုဒ်၏အစ်ကိုအဟိတုပ်ဖြစ်သည်။ အဟိတုပ်သည်ဖိနဟတ်၏သားဖြစ်၏။ ရှိလောမြို့၊ ထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဧလိ၏မြေးဖြစ်၏။) စစ်သည်တပ်သား တို့သည်ယောနသန်ထွက်ခွာသွားသည်ကို မသိကြ။ Ver CapítuloGarrad Bible3 ရှိ လော မြို့ တွင် ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ် ဧ လိ မြစ်၊ ဖိ န ဟတ် မြေး၊ ဣ ခ ဗုဒ် အစ် ကို ဖြစ် သူ အ ဟိ တုပ် သား၊ အ ဟိ ယ လည်း ဧ ဖုဒ် ရ တ နာ ပင့် ဆောင် လျက် ပါ ရှိ၏။ ယော န သန် ထွက် သွား ကြောင်း မည် သူ မျှ မ သိ ချေ။ Ver CapítuloJudson Bible3 သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့်ဖိနဟတ်တို့မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်းရှိ၏။ ယောနသန်သွားကြောင်းကို လူများမသိကြ။ Ver Capítulo |
ရှောလုမင်းကြီးက “ယခုည ဖိလိတ္တိလူမျိုးတို့ထံသွား၍ နံနက်မိုးလင်းသည့်တိုင်အောင် တိုက်ခိုက်သိမ်းယူကြစို့။ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်သူ မရှိစေနှင့်”ဟုဆိုလျှင် သူတို့က “အရှင် အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ပြန်လျှောက်ကြ၏။ သို့သော် ယဇ်ပုရောဟိတ်က “ဦးစွာ ဘုရားသခင်ထံဆည်းကပ်ကြစို့”ဟု သူတို့အား ဆို၏။
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။