၁ ရာ 1:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။ Ver CapítuloCommon Language Bible15 ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။- Ver CapítuloGarrad Bible15 ဟ န္န က၊ ထို သို့ မ ဟုတ် ပါ အ ရှင်၊ ကျွန် မ သည် စိတ် ပျက် သော မိန်း မ ဖြစ် ပါ၍ စ ပျစ် ရည် နှင့် သေရည် သေ ရက် ကို မ သောက် ပါ။ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် စိတ် နှ လုံး ကို သွန် ပြ ခဲ့ လေ ပြီ။ Ver CapítuloJudson Bible15 ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ Ver Capítulo |
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။