၁ ယော 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။ Ver CapítuloCommon Language Bible12 မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။ Ver CapítuloGarrad Bible12 မာရ် နတ် ဘက် သား ဖြစ်၍ ညီ ကို သတ် သော ကာ ဣ န ကဲ့ သို့ မ ဖြစ် စေ ရ။ အ ဘယ် ကြောင့် သတ် သ နည်း ဟု ဆို သော် ကိုယ့် အ ကျင့် အ ကြံ ဆိုး သွမ်း၍ ညီ၏ အ ကျင့် အ ကြံ ဖြောင့် မှန် သော ကြောင့် တည်း။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း12 မာရ်နတ်နှင့် သက်ဆိုင်သူဖြစ်ပြီး မိမိညီကို သတ်သော ကာဣနကဲ့သို့ မဖြစ်စေကြနှင့်။ ကာဣနသည် အဘယ်ကြောင့် ညီကို သတ်သနည်း။ အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်၍ ညီဖြစ်သူ၏အကျင့်မှာ ဖြောင့်မတ်သောကြောင့်ဖြစ်၏။ Ver Capítulo |
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။