၁ ယော 2:8 - မြန်မာ့စံမီသမ္မာကျမ်း8 တစ်ဖန် ခရစ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း မှန်ကန်သောပညတ်သစ်ကို သင်တို့ထံသို့ ငါရေးလိုက်၏။ အကြောင်းမူကား မှောင်မိုက်သည် ရွေ့လျားကွယ်ပျောက်သွား၍ စစ်မှန်သောအလင်းသည် ထွန်းတောက်ပြီဖြစ်၏။ Ver CapítuloCommon Language Bible8 သို့သော်သင်တို့အားယခုငါရေးသား ဖော်ပြသည့်ပညတ်သည်အသစ်ဖြစ်၏။ ယင်း သို့အမှန်ပင်အသစ်ဖြစ်ကြောင်းခရစ်တော် ၌လည်းကောင်း၊ သင်တို့၌လည်းကောင်းဖော်ပြ လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်အမှောင် သည်ရွေ့လျားလျက်အလင်းစစ်အလင်းမှန် ပေါ်ထွန်းလာပြီဖြစ်သောကြောင့်တည်း။ Ver CapítuloGarrad Bible8 တစ် နည်း ကား မှောင် မိုက် သည် ပျောက် လွင့် ဆဲ ဖြစ် လျက် အ လင်း တော် စစ် ထွန်း လင်း ပြီး ဖြစ်၍ ကိုယ် တော် ၌ လည်း ကောင်း၊ သင် တို့၌ လည်း ကောင်း၊ ဟုတ် မှန် တိုင်း ပ ညတ် တော် သစ် ကို ငါ ရေး လိုက် သည် မှာ၊ Ver CapítuloJudson Bible8 တစ်ဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ သင်တို့အားဖြင့်လည်းကောင်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း8 သို့ရာတွင် ၎င်းသည် ပညတ်သစ်လည်း ဖြစ်၏။ ဤပညတ်သစ်သည် အသစ်ဖြစ်ကြောင်းကို ယေရှုခရစ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း အမှန်ပင် မြင်တွေ့ရ၏။ အဘယ်ကြောင့်ဆိုသော် အမှောင်သည် ပျောက်ကွယ်၍ စစ်မှန်သောအလင်းသည် ထွန်းလင်းလျက်ရှိသောကြောင့် ဖြစ်၏။ Ver Capítulo |
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။