၁ ယော 2:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ Ver CapítuloCommon Language Bible13 အဖတို့၊ သင်တို့သည်အစကပင်ရှိတော်မူ သောအရှင်ကိုသိသူများဖြစ်သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက်၏။ လူငယ် လူရွယ်တို့၊ သင်တို့သည်မာရ်နတ်ကိုအောင် သောကြောင့်သင်တို့ထံသို့ငါစာရေးလိုက်၏။ Ver CapítuloGarrad Bible13 အ ချင်း အ ဘ တို့၊ အ စ အ ဦး က တည် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် သင် တို့ ထံ ငါ ရေး လိုက်၏။ အ ချင်း ပျို ရွယ် သူ တို့၊ မာရ် နတ် ကို အောင် ကြ ပြီး ဖြစ် သော ကြောင့် သင် တို့ ထံ ငါ ရေး လိုက်၏။ အ ချင်း သူ ငယ် တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ အ ဘ ခ မည်း တော် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် တည်း။ Ver CapítuloJudson Bible13 အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း13 ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ Ver Capítulo |
အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။