၁ ပေ 5:10 - မြန်မာ့စံမီသမ္မာကျမ်း10 သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။ Ver CapítuloCommon Language Bible10 သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။- Ver CapítuloGarrad Bible10 ခ ရစ် တော် အား ဖြင့် ထာ ဝ ရ ဘုန်း တော် ကို ဝင် စား စေ ရန် သင် တို့ ကို ခေါ် ထား တော် မူ သော ကျေး ဇူး အ မျိုး မျိုး အ ရှင် ဘု ရား သ ခင် သည် တစ် ခ ဏ မျှ ဒု က္ခ ခံ ပြီး သော သင် တို့ ကို ကိုယ် တော် တိုင် စုံ လင် တည် ကြည် စေ၍ အား ဖြင့် တည် ထောင် တော် မူ လိမ့် မည်။ Ver CapítuloJudson Bible10 ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။ Ver Capítulo |
သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်တည်းဟူသော ဘုရားသခင်၏ဘုန်းတော်ကို တစ်သံတည်းဖြင့် တညီတညွတ်တည်းချီးမွမ်းနိုင်ရန် သည်းခံခြင်းနှင့်နှစ်သိမ့်ခြင်းတို့၏အရှင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်ယေရှု၏အလိုတော်အတိုင်း အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိနိုင်သောအခွင့်ကို ပေးတော်မူပါစေသော။
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။