၁ ပေ 4:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဤအကြောင်းကြောင့် သေသောသူတို့ကိုလည်း ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။ ဤသည်ကား သူတို့သည် သွေးသား၌ လူသားအနေဖြင့် တရားစီရင်ခြင်းကိုခံရသော်လည်း ဝိညာဉ်၌မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ကြရန်ဖြစ်၏။ Ver CapítuloCommon Language Bible6 ဤအကြောင်းကြောင့်သေလွန်သူတို့သည်ဘုရား သခင်ဝိညာဉ်အားဖြင့်အသက်ရှင်နိုင်ကြစေ ရန် သူတို့အားသတင်းကောင်းကိုကြေညာရ ခြင်းဖြစ်၏။ ထိုသူတို့သည်ကာယအားဖြင့် အသက်ရှင်စဉ်အခါကလူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကိုခံခဲ့ရသူများဖြစ် သည်။ Ver CapítuloGarrad Bible6 သေ သူ တို့ ပင် သ တင်း တော် မြတ် ကို ကြား နာ ခွင့် ရ ခဲ့ ကြ သည် မှာ လူ တို့ အ လိုက် ရုပ် ခ န္ဓာ၌ စီ ရင် ဆုံး ဖြတ် ခံ ရ သော် လည်း ဘု ရား သ ခင် အ လိုက် နာမ် ခ န္ဓာ၌ အ သက် ရှင် ကြ ရ အံ့ သော ငှာ တည်း။ Ver CapítuloJudson Bible6 ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့သည် သတင်းကောင်းကို ကြားခဲ့ရသောကြောင့်ဖြစ်၏။ သူတို့၏ကိုယ်ခန္ဓာသည် လူ့စံနှုန်းအားဖြင့် တရားစီရင်ခံရသော်လည်း သူတို့၏ဝိညာဉ်သည် ဘုရားသခင့်စံနှုန်းအားဖြင့် အသက်ရှင်နိုင်ရန်ရည်ရွယ်၍ သေလွန်သောသူတို့ကိုပင် သတင်းကောင်းဟောပြောရ၏။ Ver Capítulo |
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်